ဒီကနေ့ ဇွန် ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အနေနဲ့ ရုရှားနိုင်ငံကို လာတိုင်း စိတ်ချမ်းသာ တဲ့အတွက် ၃ ကြိမ်မြောက်လာလည်တာဖြစ်တယ်လို့ ပြောပြီး နောက်ထပ် လာနိုင်အောင်လည်း ကြိုးစားမယ်ဆိုပြီး ထုတ်ဖော်ပြောဆိုလာပြန်ပါတယ်။
- စစ်ကိုင်းတိုင်း က ရွှေဘိုမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရှိရာ စခန်း ၃ ခုကို တော်လှန်ရေးတပ်တွေက တပြိုင်နက်နည်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ၄ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ လကနက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သလို ပျူစောထီး ရွာမှာနေတဲ့ စစ်သုံပန်း ၁၈ ဦးကိုတော့ အမျိုုးသမီးတွေနဲ့ သက်ကြီးရွယ်ကို ကလေးတွေ ဖြစ်နေတဲ့အတွက် ပြန်လွှတ်ပေးလိုက်တယ်လို့ ရွှေဘို မြို့နယ် ပကဖ အဖွဲ့ကနေ သတင်းထုတ်ပြန် ထားပါတယ်။
- ပဲခူးတိုင်းက ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကတော့အသီးသီး သေကုန်ကြပြီး စစ်သားမသာအလောင်းတွေပါ တွေ့ရှိခဲ့သလို ကျန်တဲ့စစ်သားတွေကတော့ ထွက်ပြေး သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
