25.8 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုအတွင်း လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အသက်အန္တရာယ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUGက စိုး ရိမ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
  • မန္တလေးမြို့ အိုးဘိုထောင်ကို ထောင်ပြောင်းရောက်ရှိလာတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဝန်ထမ်းတွေက သံတုတ်နဲ့ ရိုက်နှက်မှုကြောင့် သတိလစ်မေ့မျောသွားခဲ့ပေမယ့် ဆေးဝါးကုသပေး တာမျိုးမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံက အရှေ့တောင်အာရှဒေသမှာ လူကုန်ကူးခြင်းနဲ့ဆက်နွယ်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ဖြစ်ပွားရာဒေသတစ်ခုဖြစ်လာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးတစ်ခုမှာ ပြောဆို လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article