ဒီကနေ့ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက နေပြည်တော်မှာရှိတဲ့ သူတို့စစ်တပ် လက်အောက်ခံ Non-CDM ဝန်ထမ်း အယောက် ၁ သောင်းနီးပါးဆီကနေ ငလျင်ထောက်ပံ့ကြေးအနေနဲ့ ၁ ဦးကို ငွေကျပ် ၇ သောင်း ကျော်အထိ ပြန်လည်တောင်းခံနေတဲ့အတွက် ငလျင်ဒဏ်ကြောင့် နေစရာပါ မရှိတော့ပဲ ဒုက္ခရောက်နေတဲ့ Non-CDM ဝန်ထမ်းတွေကတော့အခက်တွေ့နေကြတယ်လို့ နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်းက ခမောက်ကြီးမြို့နယ်မှာ စစ်တပ်အားကိုး နဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး လှနိုင်နဲ့ စစ်တပ်သတင်းပေး မြင့်ရှိန်ဆိုသူတို့ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးပွဲချင်းပြီးတွေကို သေကုန်ကြပြီလို့ ကော့သောင်းမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
- မန္တလေးတိုင်းက တောင်သာမြို့မှာ အကြမ်းဖက် စစ်ကေင်စီရဲ့ သံမဏိစက်ရုံကနေ လျှပ်စီးမီးလိုင်းပြင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင်ပြီး တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၅ ဦးကတော့အသီးသီး သေကုန်ကြတဲ့အပြင် ၊ အဲ့ဒီ့စစ်သား မသာအလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
