27.2 C
Yangon

ကျောက်ကြီးတွင် အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်စခန်းကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၁ နှစ်နှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU (ဗဟို)က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတွင် အထိုင်ချထားသော စစ်တပ်က ဒရုန်းဖြင့် ၁၂၀ မမ ဗုံး တစ်လုံး လာရောက်ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးမှာ တောကြောင်ပေါက်ကျေးရွာ စာသင်ကျောင်းထဲသို့ ကျရောက်ပေါက်ကွဲပြီး ယင်းစာသင်ကျောင်းတွင် စစ်ဘေးရှောင်နေသည့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ နတ်သံကွင်း အမှတ် ၆ ရပ်ကွက်မှ အသက် ၁ နှစ်အရွယ် မောင်စောကျော်နိုင်ထူး၊ အသက် ၆ နှစ်အရွယ် မောင်စောကောင်းသန့်ဇော်၊ အသက် ၆၅ နှစ်အရွယ် တီးမောင်သံစိန်၊ အသက် ၆၄ နှစ်အရွယ် ညားကြည်မြင့်၊ အသက် ၃၅ နှစ်အရွယ် စောကျော်နိုင်ဝင်း၊ အသက် ၃၀ နှစ်အရွယ် မနန်းဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အလည်စု ကျေးရွာနေ အသက် ၃၀ နှစ်အရွယ်ကိုယ်ဝန်ဆောင်အမျိုးသမီး နော်သူးရေစေး၊ ဝါးပင်စုကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ညားဝင်းစိုး၊တောကြောင်ပေါက်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် နော်လှယမင်းခိုင် တို့ ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article