ရန်ကုန်၊ ဇူလိုင် ၉
ကချင်ပြည်နယ်၊ ပူတာအို-မြစ်ကြီးနား လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကယ်ဆယ်ရေး အကြောင်းပြ၍ ပြည်သူပိုင် ကားဖြင့် သယ်ဆောင်လာသည့် စက်သုံးဆီ ပေပါ ၅၀ ကို ဖမ်းဆီး သိမ်းဆည်းနိုင်ခဲ့ကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့တွင် ပူတာအို-မြစ်ကြီးနား လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ကယ်ဆယ်ရေး အကြောင်းပြကာ ပြည်သူပိုင် ကားဖြင့် သယ်ဆောင်လာသည့် စက်သုံးဆီ ပေပါ ၅၀ ကို ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီ ပေပါ ၅၀ ကို တင်ဆောင်လာသည့် ယာဉ်မောင်းနှင့် ကားကို ပူတာအိုခရိုင် ပကဖ မှ ရဲဘော်များက ဆက်လက် ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“အဲဆီပေပါတွေကို စစ်တပ်က ကယ်ဆယ်ရေးဗန်းပြပြီး ပို့တာပါ။ ကျနော်တို့ PDF စစ်ဆေးရေးဂိတ်က ပူတာအို-မြစ်ကြီးနား ကားလမ်းမှာပဲရှိတာ အဲမှာ ဖမ်းမိတာပေါ့။ ကားသမားတွေကိုတော့ အရေးမယူဖြစ်လောက်ပါဘူး။ လောလောဆယ်တော့ ကားနဲ့ အတူတူ ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်းဆီပေပါများကို ကချင်ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိ မင်းမင်း ၏ လက်မှတ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အကြောင်းပြကာ အကြမ်းဖက် စစ်တပ်အတွက် တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
