ဒီကနေ့ ဇူလိုင် ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံက ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှု မရှိတဲ့ သတင်းအမှားတွေဖြစ်တယ်လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန် ခေတ်သစ်ကို အတည်ပြု ပြောထားပြီး ၊ ဗန်းမော်ထိုးစစ်ရပ်ဖို့ တရုတ်နိုင်ငံက KIA ကို ဖိအားပေးတယ်ဆိုတာလည်း မမှန်ကန်ပဲ တရုတ်က တိုက်ပွဲတွေ မလုပ်ပဲ ဆွေးနွေးကြပါလို့ပဲ ပြောတာပါလို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောထားပါတယ်။
- အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ငူမြို့နယ် အခြေစိုက် ကေတုမတီ လေတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ (BWM) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရေယာဉ်အုပ်စုကို တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ရေယာဉ် ၂ စီး လက်နက်ကြီးထိမှန် ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
