ရန်ကုန်| ဇူလိုင် ၉
ရခိုင်ပြည် နေရာအနှံ့တွင် မိုး အဆက်မပြတ်ရွာသွန်းမှုများကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ရေနစ်မြုပ်မှုများရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မောင်တော မြို့နယ်များတွင် နေအိမ်အချို့ နစ်မြုပ်နေပြီး ဒေသခံပြည်သူများမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရသည်။
မိုးရွာသွန်းမှုများပြီး မြစ်ရေမြင့်တက်မှုနှင့် တောင်ကျရေများကြောင့် လူနေအိမ်များ ရေလွှမ်းမိုးမှုဒဏ်ကို ခံနေကြရခြင်းဖြစ် သည်။
ပြီးခဲ့သည့် နှစ်ပတ်ခန့်ကလည်း မိုးသည်းထန်စွာရွာသွန်း၍ ပုဏ္ဏားကျွန်းဒေသရှိ စစ်ဘေးရှောင်စခန်းများမှာ ရေနစ်မြုပ်မှုဒဏ်ကို ခံခဲ့ကြရပြီး စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး အခက်အခဲများရှိခဲ့ကြသည်။
ဓာတ်ပုံ – ရခိုင်ပြည် ကျောက်တော်မြို့နယ်မှာ ရေနစ်မြုပ်နေသော ကျေးရွာအချို့အား တွေ့ရစဉ်။ (ဓါတ်ပုံ – APM)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



