27.2 C
Yangon

ထိုင်း-မြန်မာနယ်စပ်ရှိ သုခစစ်တပ်စခန်းကို မသိမ်းပိုက်မီ ဗိုလ်ကြီး မျိုးဆွေဦး(ခ) စောမိုးဇက်က လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်မှု KNLA တပ်မဟာ ၄ က ကြိုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

တနင်္သာရီုတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သုခစစ်တပ်စခန်းမှ ဗိုလ်ကြီး မျိုးဆွေဦး (ခ) စောမိုးဇက်သည် သုခစခန်းကို တော်လှန်ရေးတပ်များ မသိမ်းပိုက်မီ ရက်ပိုင်းအလို လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေး မှူး ပဒိုစောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့ ထားဝယ်ခရိုင်၊ ထိုင်းနိုင်ငံနယ်စပ်မျဥ်းပေါ်ရှိ စစ်ကောင်စီ၏ သုခစခန်းကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ ၊ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်နှင့် တော်လှန်ရေးပူးပေါင်းတပ်‌ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အားလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

“သုခစခန်းမှာက ရန်သူအလောင်း ရရှိတာမရှိဘူး။ သူတို့က အကုန်လုံး ထိုင်းဘက်ခြမ်းကို ထွက် ပြေးကြတာ” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေး မှူး ပဒိုစောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းစခန်းမသိမ်းပိုက်မီ ဇူလိုင်လ ၁ ရက်ညနေ ၃ နာရီခန့်က ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သုခစခန်းတွင် တာဝန် ကျနေသော ခလရ ၂၈၂ ၊ စစ်ကြောင်း ၂ စစ်ကြောင်းမှူး ဗိုလ်ကြီး မျိုးဆွေဦး (ခ) စောမိုးဇက်သည် မိမိ၏ သဘော ဆန္ဒအလျောက် KNU – တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ သို့ ချိတ်ဆက် ကာ ပြည်သူ့ရင်ခွင်ထံ အလင်း ဝင်ရောက်ခဲ့ကြောင်း၊ထိုသို့အလင်းဝင်ရောက်ရန် ဆက်သွယ် လာသည့် ဗိုလ်ကြီးမြင့်ဆွေဦး(ခ)စောမိုးဇက်ကို KNU တပ်မဟာ – ၄ ၊ အမှတ် ၁ဝ တပ်ရင်းမှူးက ထွက် ခွာနိုင်ရန် စီစဉ်ပေးခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့ ကြောင်း သိရသည်။

“ဗိုလ်ကြီးစောမိုးဇက် ဘက်ပြောင်းကူးလားတဲ့အတွက် ကျနော်တို့က ဝမ်းသာတယ်၊ ဂုဏ်ယူတယ်၊ ကြိဆိုပါတယ်၊ တခြားစကစရဲ့ လက်အောက်ခံ တပ်ရင်းမှူး၊ တပ်ခွဲမှူးတွေကို တိုက်တွန်းချင်တယ်၊ ကျနော်တို့ ပြည်သူလူထုနဲ့ တိုင်းရင်းသားလူထုအတွက်ကို ရပ်တည်ပေးပါ၊ သူတို့ဖိနှိပ်မှုကို ကိုယ်ချင်း စာပေးပါ၊ အဲဒီလိုရပ်တည်ပေးမယ်ဆိုရင် စကစက အသက်ရှုလို့မရဘူး။ သူတို့က ပြုတ်မှာ၊ အဲဒါ ကြောင့် အမှန်တရားကို ရပ်တည်ပေးပါလို့ ပြောချင်တယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေး မှူး ပဒိုစောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အကြောင်းပြချက် အမျိုးမျိုး ဖန် တီး၍ပြည်သူလူထုအပေါ်၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးပြီး တရားမျှတမှုမရှိ၊ ထင်ရာစိုင်းလို့သည့် စိတ် ဆန္ဒဖြင့်သာ အကြမ်းဖက်တိုက်ခိုက်နေသည်ကို တွေ့ရှိရကြောင်း၊ လူငယ် အများစုကိုလည်း အတင်း အဓမ္မ စုဆောင်းကာ ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်စေကာ အထက်ပိုင်း ဗိုလ်ချုပ်ကြီး များ ကောင်းစားရေးလုပ်ဆောင်နေကြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

စစ်ကောင်စီလက်အောက်ငယ်သားများအနေဖြင့် စစ်တပ်တွင် မလုပ်ချင်ဘဲလုပ်နေရပြီး စစ်မတိုက်ချင်သော်လည်း တိုက်နေ ရကြောင်း၊ ဆုပ်လည်းစူး၊ စားလည်းရူး ဘဝ ဖြင့် စိတ်ဓါတ် ပျက်ပြားကာ ထွက်လမ်း လွတ်လမ်းကို သာရှာဖွေနေကြရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် စစ်ကောင်စီမှာ မကြာမီ ပြိုကွဲပျက်စီးတော့မည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းတိုက်ပွဲဝင်သွားပါက စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်း သွားနိုင် မည် ဖြစ်ကြောင်း ၎င်းက အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article