28.8 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကလေးမွေးဖွားနှုန်း နဲ့ သေဆုံးနှုန်းတွေ အပေါ် သက်ရောက်မှုတွေ ရှိနေတဲ့အပြင်အလုပ်အကိုင်တွေပါ လျော့ကျလာတဲ့အတွက် လူငယ်တွေ ပြည်ပထွက်ခွာမှု ပိုမိုပြုလုပ်လာကြတယ်ဆိုပြီး အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း က ဝန်ခံပြောဆိုလာပြန်ပါတယ်။

-ကရင်ပြည်နယ်က ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည် ရရှိအောင် တိုက်ခိုက်ပေးရင် အပိုင်စား အုပ်ချုပ်ခွင့်ပေးမယ်ဆိုပြီး DKBA ဗိုလ်ဘိအဖွဲ့ကို အကြမ်းဖက် စစ်ကောင်စီက မက်လုံး ပေးပြီးတော့ စစ်ကူတိုက်ခိုင်းနေပြန်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရှမ်းပြည်နယ် မောက်မယ်မြို့နယ်က ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ လွှတ်တော်အမတ် စိုင်းငေါင်းဆိုင်ဟိန်း ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားပြီလို့ ရဲသတင်းရင်းမြစ်က‌ပြောထားသလို ၊ သေဆုံးသူရဲ့ မိတ်ဆွေကလည်း ပြောထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article