26.9 C
Yangon

Breaking News – မန္တလေးမြို့ကို ဗဟိုပြု ယနေ့ နံနက်အစောပိုင်း ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ပြီး ထွက်ပြေးရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

မန္တလေးမြို့ကို ဗဟိုပြု၍ ယနေ့နံနက်အစောပိုင်း ငလျင်လှုပ်ခတ်သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့နံနက် ၃ နာရီ ၂၇ မိနစ်အချိန် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ အနက် ၁၀ ကီလို မီတာကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၃ နာရီ ၂၇ မိနစ်အချိန် မန္တလေးမြို့၊ ပြင်ဦးလွင်၊ မြစ်သား အပါအဝင် မြို့ကြီးတချို့တွင် ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း၊ ငလျင်မှာ အချိန်အနည်းငယ်ကြာမြင့်ပြီး အင်အား ပြင်းထန်ကြောင်း ပြည်သူများက ဆိုကြသည်။

“ငလျင်လှုပ်တာ မြေကြီးထဲက လှုပ်တဲ့အသံပါကြားရတယ်။ လှုပ်တာလည်း ကြာတယ်။ အားလုံး အိပ်မောကျနေချိန်ဆိုတော့ အကုန်အော်ပြေး၊ ဆင်းပြေး၊ ထွက်ပြေးကြရတယ်။ မတ်လ ၂၈ ရက်နေ့တုန်းကလိုမျိုး ခံစားချက် ပြန်ရတယ်။ ပြင်းအားက နည်းနည်းတော့ရှိတယ်။ Application မှာတော့ ငလျင်ပြင်းအား ၄ ဒသမ ၇ ဆိုပြီး ပြနေတယ်” ဟု မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ပြင်ဦးလွင်၊ တောင်ကြီး၊ ကျောက်ဆည်နှင့်မြစ်ငယ်မြို့နယ်မှ ပြည်သူတချို့ကလည်း ယနေ့နံနက် ၃ နာရီ ၂၈ မိနစ်အချိန် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားရကြောင်း ပြောဆိုကြသည်။

မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်နှင့်ငလျင်ငယ်ပေါင်း အကြိမ်ရေ ၂၀၅ လှုပ်ခတ်ပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ယနေ့နံနက်အစောပိုင်း မန္တလေးတွင် ငလျင်လှုပ်ခတ်၍ ပြည်သူများ လမ်းပေါ် ဆင်းလာကြစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့နံနက်အစောပိုင်း မန္တလေးတွင် ငလျင်လှုပ်ခတ်၍ ပြည်သူများ လမ်းပေါ် ဆင်းလာကြစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article