26.1 C
Yangon

ရွှေဘိုမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊ နေပြည် တော်၊ စစ်ကိုင်းအပါအဝင် မြို့အများစုတွင် သိသိသာသာ လှုပ်ခတ်သွား

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ရာ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းအပါအဝင် မြို့အများစုတွင် သိသိသာသာ လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ငလျင်စောင့်ကြည့်ရေး USGS ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်များအရ သိရှိရသည်။

ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်အချိန် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၏ အရှေ့ – အရှေ့မြောက်ဘက် ၃၅ ကီလိုမီတာအကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“ငလျင်လှုပ်တာ တော်တော်သိသာတယ်။ လှုပ်ချိန်လည်းကြာတယ်။ ယိမ်းထိုးနေတာပဲ” ဟု မန္တလေးမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ယနေ့ ညနေ ၄ နာရီ လှုပ်ခတ်ခဲ့သော ငလျင်မှာ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိပြီး မတ္တရာမြို့၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်ကို ဗဟိုပြုသည်ဟု သတင်းထုတ်ပြန်သည်။

အလားတူစစ်ကိုင်းမြို့၊ နေပြည်တော်၊ ဒီပဲယင်း၊ ရေဦး တို့ဘက်တွင်သာမက လားရှိုး အပါအဝင် ရှမ်းမြောက်ဒေသတွင်လည်း ယနေ့ ညနေ ၄ နာရီအချိန် လှုပ်ခတ်ခဲ့သော ငလျင်ကို သိသိသာသာ ခံစားသိရှိကြသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

ထို့ပြင် ယနေ့ နေပြည်တော်အနီးကို ဗဟိုပြု၍လည်း ငလျင်၂ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း၊ ယနေ့နံနက် ၁၀ နာရီ ၄၂ မိနစ်အချိန် ပျဉ်းမနားမြို့၏ အနောက် မြောက် ဘက် ၃ မိုင်ခန့်ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ မွန်းလွဲ ၁ နာရီ ၃၉ မိနစ်အချိန် တပ်ကုန်းမြို့၏ အရှေ့မြောက်ဘက် ၁၉ မိုင်ခန့်ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၆ အဆင့်ရှိ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့် ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက် ဆက်တွဲ ငလျင်စုစုပေါင်း အကြိမ်ရေ ၂၁၀ ကြိမ်နီးပါး လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်မှာ ၄ လနီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း မဖြိုဖျက်ရသေးသော ငလျင်ဒဏ်သင့်အဆောက်အအုံတစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်မှာ ၄ လနီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း မဖြိုဖျက်ရသေးသော ငလျင်ဒဏ်သင့်အဆောက်အအုံတစ်ခု။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article