25.3 C
Yangon

ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း စစ်ကော်မရှင် အမှတ် ၈ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်း အမှတ် ၈ စစ်ကြောင်း ဦးဆောင်မှုဖြင့် တော်လှန်ရေး ပူးပေါင်း အဖွဲ့များက ဆိပ်ဖြူမြို့နယ်၌ ရဲအင်အား ၂၅ ဦးခန့် အထိုင်ချ တပ်စွဲထားသော လက်ဆည်ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရဲစခန်းအတွင်းရှိ ရဲတန်းလျား ၄ ဆောင် ၊ ဘန်ကာ ၄ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ပင်မ အဆောက်အဦး ၁ ဆောင်နှင့် ဘန်ကာ ၂ ခုသာ ဆက်လက် သိမ်းပိုက်ရန် ကျန်ရှိချိန်တွင် လက်နက်ခဲယမ်းနည်းပါးလာခြင်းနှင့် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူအင်အား အလျင်အမြန် ရောက်ရှိလာခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အမှတ် ၈ စစ်ကြောင်းမှ ရဲဘော်နဂါးနှင့် ရဲဘော်စိုင်းနောင် (ခ) ထွန်းခ တို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း Type-81 သေနတ် ၂ လက် ဆုံးရှုံးခဲ့ရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား မျက်မြင် ၃ ဦး သေဆုံးကာ ဒဏ်ရာ အပြင်းအထန်ရရှိသူ ၁ ဦးရှိပြီး ထိခိုက်သေဆုံးသူများ ပိုများနိုင်ကြောင်း သိရသည်။

“အဓိက ကတော့ ကျနော်တို့ ခဲယမ်းအားနည်းတဲ့ပြဿနာပါ။ ရဲစခန်းကို လက်ရ ရခါနီးမှာ ခဲယမ်းအနည်းငယ်ပဲကျန်တာကြောင့်မလို့ တစ်ဖက်ကစစ်ကူလာတာလည်း အနီးထိရောက်လာတာမလို့ ပြန်ဆုတ်လိုက်ရတာပါ ။ ခဲယမ်းသာ လုံလုံလောက်လောက်ရှိခဲ့ရင် သေချာပေါက် အောင်ပွဲပါပဲ” ဟု စစ်ကော်မရှင် အမှတ် ၈ စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုဖြင့် ပခုက္ကူခရိုင်တပ်ရင်း-၁၉၊တပ်ခွဲ-၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့) ၊ အညာ‌မြေ တပ်ပါင်းစု ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု(PLC) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အမှတ် (၈)စစ်ကြောင်းအနေဖြင့်လည်း တိုက်ပွဲ၏ လိုအပ်ချက်နှင့် ဆုံးရှုံးမှု အတွေ့အကြုံများကို အကောင်းဆုံးလေ့လာသင်ယူလျက် ပြည်သူလူထုအတွက် အောင်ပွဲများရရှိစေရန် ကြိုပမ်းသွားမည်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article