ဒီကနေ့ ဇူလိုင် ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့် နှစ်ကုန်ပိုင်း ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ်ကြီးများကို ရာထူးတာဝန်တွေကနေ အနားယူခိုင်းဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြောင့် စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုနှင့် ဆက်နွယ်နေတဲ့ စီးပွားရေး အသိုင်းအ၀ိုင်းတွေအကြား စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေတယ်လို့ နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်ကပြောပါတယ်။
- မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက် လာတဲ့ စစ်သင်္ဘောစီး ၁၄ စီးကို တိုက်ခိုက်ခဲ့ တာမှာ သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး စစ်သင်္ဘော ၁ စီးအပါအဝင် ၃ စီး မီးလောင် ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ်မှာ စစ်တပ်က စစ်မှုထမ်းတပ်သားတွေကို အမိန့်နဲ့ ကျေးရွာတွေ ဝင်ခိုင်းပြီး နေအိမ်တွေကို ဖျက်ဆီးခိုင်းကာ ဘုန်းကြီးကျောင်းတိုင်ပါမကျန် ချွတ်ယူခိုင်း တယ်လို့ အလင်းဝင် စစ်မှုထမ်း တပ်သား နိုင်ဝင်းစိုးက ဝန်ခံ ထွက်ဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
