ရန်ကုန်၊ ဇွန် ၁၉
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖရပဒယ် ဝပ်ချုံး ဘုန်းကြီး ကျောင်းတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား ပြီးဆုံးချိန် မွန်းလွဲပိုင်းတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲနှင့် အလှူခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။



