30.4 C
Yangon

ကျောက်ဖြူကို စစ်ကောင်စီ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်သဖြင့် သံဃာများ အပါအဝင် ပြည်သူများ ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်| ဩဂုတ် ၁

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပြည်သူလူထုများနေထိုင်ရာ ကျေး ရွာများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ် ကြတ္တိန်၊ စည်မော်၊ ပြိုင်းစေ့ကေ၊ လိပ်ခမော်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီး၊ ဓညဝတီရေတပ်ဌာနချုပ်အနီး စသည့် နေရာများတွင် စစ်ကောင်စီတပ်နှင့် AA တို့မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

အာရက္ခတပ်တော် AA ၏ စစ်ရေးလှုပ်ရှားမှုများ ငြိမ်သတ်နေချိန်တွင် စစ်ကောင်စီသည် ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများကို ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်နေကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်က စစ်ကောင်စီတပ်သည် မင်းရပ်တိုက်နယ် သဒွတ္ထိန်ကျေးရွာကို လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ လာပြီး ဗုံးနှစ်လုံးကြဲချသွားတယ်။ ဘုန်းတော်ကြီးကျောင်းကို ကျတယ်။ ကျောင်းဆောင်ရော၊ သံဃာတန်းရော၊ သိမ်၊ ဓမ္မာရုံ အကုန်လုံးထိခိုက်ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မရှိခဲ့ဘူး ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာနှင့် ကုလဘာကျေးရွာကို စစ်ကောင်စီက လေ ကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးဆောင်တွေ ထိခိုက်ပျက်စီးသွားသလို သက်တော် ၉၃ နှစ်အရွယ် သံဃာ တော် ၁ ပါးနှင့် အသက် ၅၅ နှစ်အရွယ် ဦးမောင်သန်းရွှေမှာ ထိခိုက်ဒဏ်ရာရရှိသွားသည်။

သံဃာတော်က ကျောက်ပြောက်ကျေးရွာက ဖြစ်ပြီး ဦးမောင်သန်းရွှေမှာ ကုလဘာကျေးရွာဖြစ်သည်။ လက်မောင်း၊ မျက်နှာ၊ ကျောကုန်းတို့တွင် ဒဏ်ရာရရှိသွားကြသည်။

ဇူလိုင်လ ၂၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီ၏ လက်နက်ကြီးတစ်လုံးမှာ ကျောက်ဖြူမြို့ထဲရှိ မေဖုန်းမိုရမ်ဟိုတယ်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့၍ ဟိုတယ်၏ မှန်များကို ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင် ထိတွေ့တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ပြီးခဲ့သည့်လအတွင်းက အာရက္ခတပ်တော် AA သည် လိပ်ခမော်စစ်စခန်း၊ နှမ်းဖဲတောင်စစ်စခန်းနှင့် မင်းတပ်တောင် စစ်စခန်းတို့ကို သိမ်းပိုက်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ – ကျောက်ဖြူမြို့နယ် သဒွတ္ထိန်ကျေးရွာကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခဲ့၍ ဘုန်းတော်ကြီးကျောင်း ပျက်စီးသွားမှု။ (ဓါတ်ပုံ – APM)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article