ရန်ကုန်၊ ဇွန် ၂၀
ယမန်နေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ ဂုဏ်ပြုအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ဒယ်ဂူးဆရာတော်မှ ဦးဆောင်ကာ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာစေခြင်း၊ လူထုခေါင်းဆောင်နှင့်အတူ သမ္မတကြီး၊ နိုင်ငံရေးအကျင်းသားများပြန်လည်လွတ်မြောက်ရေး၊ စစ်အာဏာသိမ်းခံရပြီး စကစ၏မတရားပစ်သတ်ခံရကာကွယ်လွန်သွားသောသူရဲကောင်းတို့အားကောင်းရာဘုံဘဝရောက်ပါစေခြင်းဆုတောင်အမျှဝေခြင်း စသည်တို့ ပြုလုပ်ခဲ့ကြသည်။