ရန်ကုန်၊ ဩဂုတ် ၄
ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက စစ်တပ်ဘက်တော်သား ရုပ်ရှင်သရုပ်ဆောင်နေအောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ ဟာသလူရွှင် တော် မိုးဒီ၊ ငှက်ပျောကြော် အပါအဝင် အနုပညာရှင်များနှင့် ခေါင်းစဉ် မယ်မယ်ရရမထားဘဲ တွေ့ဆုံခဲ့ကြောင်း ခင်ရီက သူ၏ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။
ဇူလိုင်လ ၃၁ ရက်နေ့ ရန်ကုန်မြို့တွင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက စစ်တပ်ကို အစဉ်တစိုက် ထောက်ခံခဲ့သော အနုပညာရှင်များနှင့်တွေ့ဆုံခဲ့ပြီး တွေ့ဆုံသူများတွင် နေအောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ ဟာသ လူရွှင်တော် မိုးဒီ၊ တိမ်ညွန့်၊ ငှက်ပျောကြော် အပါအဝင် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ခင်ရီက ကြံ့ဖွတ်ပါတီဖြစ်တည်လာမှုသမိုင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်းများကို မဲပေးရေး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း ကြံ့ဖွတ်ပါတီက သတင်းထုတ်ပြန်သည်။
“ခေါင်းစဉ် မယ်မယ်ရရ မရှိပေမယ့် ရှိရင်းစွဲ ခင်မင်ရင်းနှီးမှုအပေါ် မူတည်ပြီး ပွင့်လင်းရင်းနှီးစွာ စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းသာဖွယ်ရာ မနက်ခင်းတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ” ဟု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ဆိုသည်။
ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကမူ လာမည့် ဒီဇင်ဘာလ ပြုလုပ်ရန်ရှိနေသည့် ရွေးကောက်ပွဲတွင် အနုပညာရှင်များ၏ အင် အားနှင့် ပုံရိပ်များကိုလည်း ကြံ့ခိုင်ရေးပါတီက ပါတီအောင်နိုင်ရေးအတွက် အသုံးပြုမည့် ဗျူဟာရှိနေကြောင်း၊ ယင်းဗျူဟာအရ စစ်တပ်ကို အစဉ်အဆက် ထောက်ခံခဲ့သော အနုပညာရှင်များကို တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








