32.2 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံဆိုင်ရာသက်ဆိုင်သူအားလုံးပါဝင်တဲ့အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ခေါ်မှုအပေါ် NLD ပါတီအနေနဲ့ ပြည်ပခရီးသွားလာရေးအခက်အခဲကြောင့် မတက် ရောက်နိုင်သလို သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့သာ လိုအပ်တယ်လို့ NLD က အကြောင်းပြန်လိုက်ပါတယ်။
  • ရန်ကုန်မှာ စစ်မှုထမ်းဆင့်ခေါ်မှုတွေကို အခုစစ်မှုထမ်းအပတ်စဉ် ၁၆ ကစတင်ကာ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေအဖြစ် သတ်မှတ်ပြီး ပြင်ပကို ထုတ်ပြောခြင်းမပြုဖို့ ညွှန်ကြားလာတယ်လို့ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဆေးရုံကို အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက် ခဲ့တဲ့မှတ်တမ်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေဆီကို ပေးပို့သွားမယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီ ဂျိတ္တောရပ်ကွက်ကို အကြမ်းဖက်စစ်သင်္ဘောတွေက လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article