28.3 C
Yangon

မလှိုင်မြို့နယ်၊ တောင်ရိုးတဲကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ၉ ကြိမ် ဗုံးကျဲ

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ တောင်ရိုးတဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မလှိုင်မြို့နယ် လူထုသတင်းကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီး ၃ စီးက မလှိုင်မြို့နယ်၊ တောင် ရိုးတဲရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း နေအိမ်များ ပျက်စီးကာ နွား ၂ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

” နွား ၂ ကောင်သေတယ်။ လူနေအိမ် ၃ လုံး ပျက်စီးတယ်။ လျှပ်စစ်မီးတိုင်တွေလည်း ထိခိုက်ပျက်စီးတာရှိတယ်။ တောင်ရိုးတဲကျေးရွာနဲ့ လျှိုတွေထဲကို ကျဲချ တိုက်ခိုက်သွားတာ ၉ ကြိမ်ဗုံးကျဲတာ ၂ ကြိမ်ကရွာထဲကျတယ်။ တောင်ရိုးတဲ ကျေးရွာ တဝိုက်ကိုကျဲတာ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး” ဟု မလှိုင်မြို့နယ် လူထုသတင်းကွန်ယက်မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း တောင်သာမြို့နယ် နှင့် မလှိုင် မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article