28.3 C
Yangon

ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို ဓားပြဝင်တိုက်ပြီး မိသားစုဝင် ၅ ဦးကို ကြိုးတုတ်ရိုက်နှက်သွားသူ ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို ဓားပြဝင်တိုက်ပြီး မိသားစုဝင် ၅ ဦးကို ကြိုးတုတ်ရိုက်နှက်သွားသူ ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရရှိခဲ့ကြောင်း Kawlin Info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ကောလင်းမြို့နယ်၊ ကျောက်တန်းရွာရှိ ဦးမင်းခေါင်းနှင့် မိသားစုဝင် ၄ ဦးနေထိုင်သော နေအိမ်ကို တုတ်၊ ဓား ကိုင်ဆောင်လာသော လူ ၄ ဦးက ဓားပြဝင်တိုက်ကာ မိသားစုဝင် အားလုံးကို ကြိုးတုတ် ရိုက်နှက်သွားကြောင်း သိရသည်။

ထိုသို့ ကြိုးတုတ်ရိုက်နှက်ပြီးနောက် ငွေသား သိန်း ၁၆၀ နှင့် တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ ဓားပြအဖွဲ့ကို ကောလင်းမြို့နယ် ပကဖ ၊ ပအဖ နှင့် PDF တပ်ဖွဲ့များက လိုက်လံ စုံစမ်းစဉ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

“ဓားပြတွေနဲ့ စစ်ခွေးတွေနဲ့ ပူးပေါင်းနေတဲ့ ပျူစောထီးတွေတော့ မဟုတ်ဘူး။ ဆေးစွဲနေတဲ့ ဆေးသမားတွေ ဆေးဖိုးလိုလို့ ဓားပြတိုက်တာဖြစ်နိုင်တယ်” ဟု Kawlin Info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း ဓားပြ ၄ ဦးသည် ဝန်းသိုမြို့နယ် နမ်းခမ်းရွာ၊ ကံကုန်းရွာနှင့် ကောလင်းမြို့နယ် လက်ပံခုံရွာ၊ လျော်ဖြူကုန်း (အရှေ့ရွာ) တို့မှ ဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကာ ဆက်လက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article