ဒီကနေ့ ဩဂုတ် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး အာရက္ခ လမ်းစဉ်နဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက် ချီတက်နေသလို ၊ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အာရက္ခတပ်တော် AA က ကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
- KIA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ယောတပ်တော် ခေါင်းဆောင်တွေ တွေ့ဆုံပြီး တော်လှန်ရေးပူးပေါင်းဆောင်ရွက်ရန်ဖို့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ ယောတပ်တော် – YA တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အိန္ဒိယက အကြမ်းဖက် မြန်မာစစ်တပ်အတွက် ရဟတ်ယာဉ် နဲ့ ဒရုန်း အပါအဝင် အနိမ့်ပိုင်းပျံသန်းမှု တွေကို ဖမ်းယူနိုင်တဲ့ အပေါ့စား ရေဒါတွေ လာရောက်ရောင်းချနေပြန်တယ်လို့ စစ်တပ်ဘက်က ပေါက်ကြားလာတဲ့ လျှို့ဝှက် ရုံးစာအရ သိရပါတယ်။
- စစ်ကိုင်းတိုင်းက တမူးမြို့နယ်အတွင်း ထိုးစစ်ဆင်လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း ကို စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ချေ မှုန်းမှုအတွင်း စစ်ကောင်စီတပ်သား မသာအလောင်း ၆ လောင်းနဲ့ လက်နက် ၉ လက်ကိုပါ တော်လှန်ရေး တပ်တွေက သိမ်းဆည်းရရှိထားပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
