26.1 C
Yangon

ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ကြွေးကြော်

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့် ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်ရန် မင်းအောင်လှိုင်က ကြွေးကြော်ပြောဆိုသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကော်မရှင် အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ၎င်းဖွဲ့စည်းထားသည့် စစ်ကော်မရှင်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လိုအပ်သည့် ညွှန်ကြားမှုများ လုပ်ဆောင်ရန်၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ အခြားနိုင်ငံများတွင်လည်း ထိုသို့ သတ်မှတ်ထားခြင်း မရှိဟု လေ့လာသိရှိရကြောင်း၊ ၅၀ ရာ ခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။

လွှတ်တော်ခေါ်ယူရာတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၈၅ တွင် ပထမဆုံး လွှတ်တော်အစည်းအဝေး ကျင်းပရာတွင် လွှတ်တော်တက်ရောက်ခွင့် ရှိသူ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော် တက်ရောက်ပါက အစည်း အဝေး အထ မြောက်မည်ဟု ဖော်ပြပါရှိကြောင်း၊ အထမမြောက်ပါက ဒုတိယအကြိမ် အစည်းအဝေးတွင် လွှတ်တော်တက်ရောက်ခွင့် ရှိသူ ကိုယ်စားလှယ်များအနက် အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်ပါက ဒုတိယအကြိမ်အစည်း အဝေး အထမြောက်သည်ဟု ဖော်ပြပါရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ထို့ကြောင့် လွှတ်တော်အစည်းအဝေး ကျင်းပချိန်တွင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ရွေး ကောက် ပွဲ ဆောင်ရွ့က်နိုင်သည့် မြို့နယ်များအားလုံးတွင် ရွေးကောက်ပွဲ ကျင်း ပ နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ချိန် ၎င်းတို့၏ လုံခြုံရေးအတွက် စစ်တပ်က စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မဲပေးနိုင်ရေး လုံ ခြုံ ရေးအရ အာမခံချက် ရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းအောင် လှိုင်က ဆိုသည်။

မြန်မာအီလက်ထရောနစ် မဲပေးစက်များကို ငွေကြေးအကုန်အကျခံ၍ ဆောင် ရွက်ထားပြီး မသမာမှုမျိုး ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကာလတွင် သတ်ဖြတ်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့် ဟန့် တားကာကွယ်မှုများ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ကျူးလွန်မှုများကို အမြန်ဆုံး တရားစီရင်နိုင်ရန် လိုအပ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလမှ စတင်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ရွေးကောက်ပွဲကို အပိုင်းလိုက် ခွဲ၍ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article