26.1 C
Yangon

တလုပ်မြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က မြို့ပေါ်မှ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDSOM ဗိုလ်စင်္ကြာစစ်​ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ပြီး မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ထိတွေ့ တိုက်ပွဲသည် ၈ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးကာ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် အကြိမ် ၃၀ ကျော် ၊ စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၁၂ လုံး ၊ Mi 35 ရဟတ်ယာဉ်ဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“တလုပ်မြို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ခွေးတွေကို ကျနော်တို့ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက ၈ နာရီ ကြာတယ်။ စစ်ခွေးတွေဘက်က လေကြောင်းနဲ့ကော လက်နက်ကြီးတွေနဲ့ပါ အပြင်းအထန်ခုခံလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ စစ်ခွေးတွေရဲ့ ပစ်ကူတွေကြောင့် အပြီး မသိမ်းပိုက်နိုင်ခဲ့ဘူး။ ဒီစစ်ဆင်ရေးကတော့ စစ်ခွေးတွေဘက်က အထိနာခဲ့ပါတယ်” ဟု CDSOM ဗိုလ်စင်္ကြာစစ်​ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးများနှင့် မီးလောင်ဗုံးများ ထိမှန်ပြီး နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) နှင့် PDF (Taloke) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article