ရန်ကုန်၊ ဩဂုတ် ၁၃
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက်တိုက် မီးရှို့နေပြီး စစ်ဘေးရှောင်ပြည်သူများကိုပါ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် သဲကုန်းမြို့နယ်၊ ရုန်းပင်တက်ရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်သားများက ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစစ်ကြောင်းက ယမန်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဓားသွေးကျောက်ကျေးရွာဘက်သို့ ထပ်မံ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ထို စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် ဓားသွေးကျောက်ရွာမှ နေအိမ် ၁၄ လုံး မီးလောင် ပြာကျခဲ့ပြီး ပြည်ခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ နှင့် သဲကုန်းမြို့နယ် ပကဖ အဖွဲ့များကလည်း စစ်တပ်စစ်ကြောင်းကို ပြန်လည်တိုက်ခိုက်နေ၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရသည်။
စစ်တပ် စစ်ကြောင်းက ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် သရက်ကိုင်းကျိုး ရွာကို ထပ်မံ မီးရှို့နေပြီး ရွာလုံးကျွတ် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေးတွေက ရွာတွေကို စစ်ကြောင်းထိုးပြီး ၂ ရက်ဆက်မီးရှို့ဖျက်ဆီးနေပါတယ်။ ထိတွေ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာရှိတယ်။ စစ်ခွေး ကင်းပုန်းတွေလည်းရှိနေတော့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘူး။ ပြည်သူများ အနေနဲ့စစ်ပွဲ အတွင်း ဆောင်ရန်ရှောင်ရန် လမ်းညွန်ချက်တွေကို လိုက်နာကျဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
