ဒီကနေ့ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေမှာ မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းထားတာမရှိဘဲ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်ဖို့ မင်းအောင်လှိုင် က ကြွေးကြော်ပြောပါတယ်။
- ရခိုင်ပြည်မှာ ပဋိပက္ခတွေ၊ ပိတ်ဆို့တားဆီးမှုတွေနှင့် ရန်ပုံငွေ ဖြတ်တောက်တာတွေကြောင့် ဆာလောင် မွတ်သိပ်တာနှင့် အာဟာရချို့တဲ့ရတာတွေ မြင့်တက် လာနေ တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) က သတိပေးထားပါတယ်။
- ဧရာဝတီတိုင်း အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ပို့ဆောင်ခံရတဲ့ စစ်မှုထမ်း တပ်သားသစ်တွေ ထွက်ပြေးတာတွေများလာကြောင့် စစ်တပ်က မိသားစုဝင်တွေကို တိတ် တဆိတ် ပြန်ခေါ်ခိုင်းပြီး တပ်ရင်းကို တကယ်လို့ ပြန်မလာရင် မိသားစုကိုပါ သတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ တပ်တွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၃ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
