ရန်ကုန်၊ ဩဂုတ် ၁၄
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဦးဝီစာရလမ်းရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ယနေ့ နံနက်ပိုင်းဓားပြတိုက်ခံရပြီး ဓားပြ ၁ ဦးကို သေနတ်နှင့်အတူ ဖမ်းဆီးရရှိကြောင်း ဒေသပြည်သူများနှင့် အဆိုပါရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၃၄ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို လက်နက် ကိုင်ဆောင်ထားသော လူတချို့က ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်း၊ ဆိုင်လုံခြုံရေးဝန်ထမ်းတချို့က ဓားပြတိုက်သူတချို့ကို ပြန်လည်ခုခံရာမှ ဓားပြ ၁ ဦး ဖမ်းဆီးရရှိခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးသွားကြောင်း၊ ရွှေများ ပါသွားခြင်းမရှိဘဲ ဆိုင်ဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက မြောက်ဒဂုံမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်သို့ ဆက်သွယ်မေးမြန်းရာ “အခုတော့ ဆိုင်ပိတ်ထားတယ်၊ ဘယ်လောက်ပါသွားတယ်ဆိုတာကတော့ ရုံးလူကြီးက အတိအကျ မထုတ်ပြန်သေးဘူး။ အခုမှ စစ်ဆေးနေတုန်းမို့ပါ။ ရဲတွေတော့ ရောက်နေတယ်။ စစ်ဆေးနေကြ တယ်။ ဖြစ်စဉ်ကတော့ မှန်ပါတယ်” ဟု ပြန်လည်ဖြေဆိုသည်။
လက်ရှိအချိန်အထိ စစ်တပ်နှင့်ရဲများက လမ်းများကို ပိတ်ဆို့ထားပြီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ဆေးရုံကားတချို့ပါ ရောက်ရှိနေကြောင်း သိရှိရသည်။
“ရဲကားတွေနဲ့ လမ်းကို ပိတ်ထားတယ်။ ဓားပြလည်း မိတယ်ပြောတယ်။ ဖြစ်တာက မနက် ၁၁ ကျော်ကျော်လောက်ဖြစ်တယ်လို့ သိရတယ်။ အခုထက်ထိ ပိတ်ဆို့ စစ်ဆေးနေတုန်းပဲ။ ပစ္စည်းတွေ မပါသွားဘူးလို့ ပြောတယ်။ ထွက်ပြေးသွားတဲ့သူလည်းရှိတယ်ကြားတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ အခင်းဖြစ်စဉ်ကို ကူညီပေးရန် သွားရောက်ကြည့်ရှုခဲ့သော ပရဟိတ သမားတစ်ဦးက ပြောဆိုသည်။
စစ်တပ်က ရွှေဆိုင် ဓားပြတိုက်မှုတွင် ထွက်ပြေးသွားသော ဓားပြများကို ဖမ်းဆီးရရှိရေး စစ်တပ်နှင့်ရဲများက မြောက်ဒဂုံနေရာအများစုကို ပိတ်ဆို့ ရှာဖွေနေကြောင်း သိရှီရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
