30 C
Yangon

ညောင်ဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသစ်တောင်ရွာနှင့် ချောင်းရှည်ရွာကို ဝင်ရောက် စီးနင်းပြီး အနီးအနားရှိကျေး ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် နေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ရွာသစ်တောင်ရွာ ၊ စပါးသင်းရွာ ၊ ချောင်းရှည်ရွာ ၊ အနောက်အုံရွာ ၊ စုတည်ရွာ ၊ ပန်းကုံးပင်ရွာ နှင့် အုတ်လှေကားရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဩဂုတ်လ ၁၁ ရက်နေ့တွင် ချောင်းဝနှင့် ရွာသစ်တောင်ရွာ အကြားတွင် ပေပါမိုင်း၊ ပဒေသာ မိုင်း တို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ဝင်ပြီး တပ်စွဲထားသော ပြည်သူတွေကို ဘယ်လွတ်ရာကို ပြေးနေရတယ်။ ကျနော်တို့ တိုက်ပွဲဖြစ်ပြီး အထိနာသွားတော့ ရွာသစ်တောင်ရွာနဲ့ ချောင်းရှည်ရွာထဲကို လူခွဲပြီး တပ်စွဲထားတာပေါ့။ စစ်ခွေး အင်အားကတော့ ၁၀၀ လောက်မယ်” ဟု People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article