27.5 C
Yangon

ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်နှင့် သံဃာတော် အပါအဝင် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် သံဃာတော် အပါအဝင် ပြည် ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၅၁ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ တောင်ခြမ်းရှိ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၇၀ အရွယ် ကိုရင်ကြီး ၁ ပါး ၊ အသက် ၇၀အရွယ် အမျိုး သမီး ၁ ဦး နှင့် အသက် ၁၁ အရွယ် အမျိုးသား ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဓမ္မာရုံ ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ထိခိုက်ဒဏ်ရာရရှိသူတွေက ဘုန်းကြီးကျောင်းမှာနေထိုင်သူတွေပေါ့။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၇၀ အရွယ် အဖွားကတော့ စိုးရိမ်ရတယ်လို့ပြောတယ်။ ကျန်တဲ့သူတွေကတော့ သိပ်ပြီးမစိုးရိမ်ရဘူးလို့ သိရတယ်။ ဓမ္မာရုံကို ရော့ကတ်ထိသွားတာ” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဘုန်ကြီးကျောင်းနှင့် ကျေးရွာများကို အကြောင်းမဲ့သက်သက် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေ‌သောကြောင့် ပြည်သူများ အထူး ဂရုပြုနေထိုင်ကြရန် Wetlet Informational Network က အသိပေး နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article