ရန်ကုန်၊ ဩဂုတ် ၂၀
ယမန်နေ့ မကွေးတိုင်း၊ မင်းဘူးမြို့သို့ ရောက်ရှိလာသော အကြမ်းဖက် မင်းအောင်လှိုင်က Non-CDM ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် သူမွေးဖွားရာ မင်းဘူးမြို့ကို အထက်ပါအတိုင်း တင်စားပြောဆိုခဲ့ခြင်းဖြစ်သည်။
“မင်းဘူးမြို့သည် သမိုင်းအစဉ်အလာ ရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ အကျော် အမော်များ၊ ယဉ်ကျေးမှု အမွေ အနှစ်များရှိခဲ့သည့်မြို့ဖြစ်ကြောင်း၊ မြန်မာစာပေသမိုင်းတွင် ဇတ်ကြီးဆယ်ဘွဲ့ထဲမှ ဇတ်တော်ကြီး ၈ ဘွဲ့ကို နောင်လာ နောက်သားတို့ အတုယူရအောင် စကားပြေနှင့် ရေးသားတော်မူခဲ့သည့် ဆရာတော်ဦးဩဘာသသည် မင်းဘူးနယ်သား ထင်ရှားသည့် စာဆိုကျော်တစ်ဦးဖြစ်သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာ့လွတ် လပ်ရေးသမိုင်းတွင် အသက်ပေး တာဝန်ထမ်းဆောင်သွားခဲ့သည့် အာဇာနည် ၉ ဦးတွင် တစ်ဦး အပါအဝင် ဖြစ်သည့် အတွင်းဝန် ဦးအုန်းမောင်သည်လည်း မင်းဘူးမြို့သားတစ်ဦးဖြစ်သည်ကို သိရှိပြီးဖြစ်ကြောင်း မင်းအောင်လှိုင်က ဆို သည်။
အကြမ်းဖက် မင်းအောင်လှိုင်မှာ ၁၉၅၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မကွေး တိုင်း ၊ မင်းဘူးမြို့တွင် ဖခင် ပန်းချီ ဆရာ ခင်လှိုင်နှင့် မိခင် လှမူတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး မင်းဘူးမြို့သည် အကြမ်းဖက် မင်းအောင်လှိုင်၏ မွေးဖွားရာ ဇာတိချက်မြုပ်ရာ မြို့လည်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းမွေးဖွားခဲ့ရာ မင်းဘူးဒေသတွင် ပညာရေးဖွံ့ဖြိုးရေးအတွက် Polytechnic ကျောင်းများ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
