29.8 C
Yangon

ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေသည့် စစ်တပ်စခန်း များကို လက်နက်ကြီးဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေသည့် စစ်တပ်စခန်းများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင်ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၉ ရက် နေ့လယ်ပိုင်း ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေသည့် စစ်တောင်းမြစ်တဖက်ကမ်း ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ စစ် တပ်စခန်းနှင့် စစ်တောင်းမြစ်တဖက်ကမ်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းနဖူးတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများကို လက် နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာမှာရှိတဲ့ အထိုင်းစခန်းနဲ့ စစ်တောင်းမြစ်အရှေ့ကမ်း ရွှေကျင်မြို့နယ်အတွင်းက ကမ်းနဖူးကျေးရွာတွေ တပ်စွဲနေထိုင်တဲ့ စခ တွေကို လက်နက်ကြီး ၆ လုံး နဲ့ ပစ်ခတ်ခဲ့တာ။ ပစ်မှတ်ကို ထိရောက်အောင် ပစ်ခတ်နိုင်ခဲ့ပါတယ်။ အဲဒီတပ်စခန်းတွေကနေတဆင့် ခမရ ၅၉၈ တပ်ရင်းထဲကို လူ၊ လက်နက်ရိက္ခာတွေ ဖြည့်တင်းတာဖြစ်ပါတယ်။” ဟု ပဲခူးခရိုင်ပကဖ တာဝန်ခံကိုဖြိုးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၇ ၊ ပဲခူးခရိုင် ပကဖ နှင့် ကဝမြို့နယ် ပကဖ လက်နက်ကြီး တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရွှေကျင်မြို့နယ်အတွင်းရှိ ခမရ ၅၉၈ တပ်ရင်းသို့ လူအင်အား၊ လက် နက်အင်အားများ ထပ်မံဖြည့်တင်းကာ စစ်အင်အားတောင့်တင်းစေရန် ကြိုးစားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကလည်း ပိတ်ဆို့ဖြတ်တောက်ထားလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ ပဲခူးခရိုင်ပကဖအနေနဲ့ လိုအပ်နေတဲ့ ရိက္ခာဖြည့်တင်းနိုင်ဖို့ “ဆန်အိတ်တစ်ထောင် သိန်းတစ်ထောင်” ကမ်ပိန်းလုပ်ဆောင်နေတာရှိပါတယ်။ ထိုင်အလှူခံနေတာ မဟုတ်ပါဘူး။ လုပ် စရာ ရှိတာတွေလည်း ဆက်လက် လုပ်ဆောက်နေမြဲပါ။ ကမ်ပိန်းကအခု ၃၀ ရာခိုင်နှုန်းပဲရပါသေး တယ်။ ကမ်ပိန်းလေးကို ဝိုင်းကူကြပါဦးလို့ မေတ္တာ ရပ်ခံပါတယ်” ဟု ပဲခူးခရိုင်ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article