ရန်ကုန်၊ ဩဂုတ် ၂၀
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲနေကြောင်း ဒေသ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်၊ ထန်းပင်ကုန်းရွာကို ရောက်ရှိနေသော အင်အား ၈၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နောင်ပိန် စေတီ အနီးကို ဒီနေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှာ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတယ် အထိ အခိုက်မသိရ သေးဘူး။ စစ်ခွေးတွေက ထန်းပင်ကုန်းရွာက ပြည်သူတွေကို လူသား ဒိုင်းပြုလုပ်ထားတော့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ဖို့ မလွယ်ဘူး။ အဲ့ဒီ အနီးတဝိုက်ကိုပဲ ဝိုင်းရံ ပိတ်ဆို့ထားရတယ်။ မနေ့က ည ၁၁ နာရီ အထိ တိုက်ပွဲဖြစ်တယ်။ ဒီမနက်လည်း ပစ်ခတ်သံတွေ ကြားနေရတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ထန်းပင်ကုန်းရွာမှ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နိုင်ခြင်းမရှိဘဲ စစ်တပ် ကင်းပုန်းများနှင့်သာ ထိတွေ့ဖြစ် ပစ် ခတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။
ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နောင်ပိန် စေတီအနီးကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အလားတူ အကြမ်းဖက် စစ်တပ်၏ သံချပ်ကာကားများ ပါဝင်သော စစ်ယာဉ်တန်းတစ်ခုက ပြင်ဦးလွင်ဘက်မှ နောင်ချိုဘက်သို့ ဦးတည် ထွက်ခွာလာနေကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
