ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က မြစ်ကြီးနာမြို့ ရမ်ပူ အပိုင်း ၁၂ ဘက်တွင် ကျရောက်ပေါက်ကွဲပြီး စာကျက်နေသည့် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း၊ လူကြီး ၂ ဦး ထိခိုက်သွားကြောင်း သိရှိရသည်။
“မပခက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ပါ။ ရမ်ပူနယ်မြေ ၁၂ ဦးပိန်တံတားက ကိုနိုင်စိုး နေအိမ်ရှေ့မှာ လက် နက်ကြီးကျရောက်ပေါက်ကွဲပါတယ်။ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင်(ခ) ချစ်စုမက လက်နက်ကြီးအစမှန်ပြီးတော့ ဘယ်ဘက်ရင်အုံပွင့်သွားတယ်။ ပွဲချင်းပြီး ဆုံးတယ်။ နောက်ပြီး အသက် ၂၀ နှစ်အရွယ် မဇင်မင်းက လက်နက်ကြီးအစမှန်တယ်။ အသက် ၆၅ နှစ်အရွယ် ဒေါ်ငွေက လက်မောင်းမှာ မိုင်းစဝင်သွားပါတယ်။ လက်နက်ကြီးက လမ်းကြောင်းလွဲပြီး ကျတာလို့ ယူဆလို့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များလည်း ပျက်စီးပြီး ဆိုင်ကယ်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း ပျက်စီးသွားခဲ့ကြောင်း၊ မြစ်ကြီးနားမြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ၀ိုင်းမော်ဘက်သို့ မကြာခဏဆိုသလို ပစ်ခတ်လေ့ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


