ဒီကနေ့ ဩဂုတ် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်ကို အလည်သွားတဲ့ နတ္တလင်းက လူငယ် ၃ ဦး၊ လှိင်သာယာစက်ရုံက လုံခြုံရေး လူငယ်တွေနှင့် ရွှေပန်း ထိမ်လုပ်ကိုင်သူ ကိုချစ်ထူးတိုကို စစ်တပ်နှင့် ပျူစောထီးတွေက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ရန်ကုန်မြိုမှာ လူငယ်တွေ တောက် လျှောက်ဆိုသလို ဖမ်းဆီးခံနေရတယ်လို ဖမ်းဆီးခံရသူ လူငယ်တွေရဲ့ မိဘဆွေမျိုးတွေဆီကနေ သိရပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိး ရထားလမ်း ပေါ်မှာရှိတဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ဖျက်ဆီး ခဲ့တယ်လို TNLA သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာမှာတော့ စစ်သား အလောင်း ၃ လောင်း၊ လက်နက် ၁၀ လက်နှင့်ခဲယမ်းတွေ သိမ်းဆည်းရရှိပြီး စစ်သုံပန်း ၁ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
