ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဝါဆိုဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကျဲတိုက် ခိုက်မှုကြောင့် ကိုရင် ၃ ပါးနှင့် ပြည်သူ ၁ ဦးဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက် ဝါဆိုကျောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးလာရောက်ကျဲချမှုကြောင့် သာမဏေနှင့် ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၂ လုံး၊ ကျောင်းဆောင် ၄ ဆောင်၊ ကား ၂ စီး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“ကျောက်မဲမြို့ပေါ်ကတော့ တော်တော်များများ စစ်ဘေးရှောင်နေကြပေမယ့် ရှောင်ဖို့ စရိတ်မရှိသူ၊ သွားလာဖို့ မရှိတဲ့သူတွေတော့ ကျန်နေသေးတယ်။ ပရဟိတအဖွဲ့တွေလည်း ကူပေမယ့် မနိုင်ဘူး” ဟု ကျောက်မဲမြို့ပေါ်မှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ကျောက်မဲမြို့နယ်၊ လုံကြိမ်(ကျောင်းကုန်း) ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်လ ၂၁ ရက်နေ့တွင်လည်း ကျောက်မဲမြိုနယ်သို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး (၂)လုံးနှင့် လက်နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၆ အိမ် ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်
ဩဂုတ်လ ၂၀ ရက်နေ့ ကျောက်မဲမြို့နယ် ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင် ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- CJ ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





