25.4 C
Yangon

မုံရွာတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော စစ်မှုထမ်းဟောင်း ၁ ဦးနှင့် တပ်သားသစ် ၁ ဦးတို့ သေနတ် ၁ လက်နှင့်ခဲယမ်းများယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် မုံရွာတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော စစ်မှုထမ်းဟောင်း ၁ ဦးနှင့် တပ်သားသစ် ၁ ဦးတို့ သေနတ် ၁ လက်ယူဆောင် အလင်းဝင်လာကြောင်း Northwest Plains Revolutionary Forces-NPRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်းဟောင်း ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၁ ဦးတို့က Northwest Plains Revolutionary Forces-NPRF ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသူများမှာ စစ်မှုထမ်းတပ်သား ကျော်ဦးနှင့် စစ်မှုထမ်းဟောင်း သီဟတို့ဖြစ်ပြီး MA-1 သေနတ် ၁ လက်နှင့် ဗုံး ၂ လုံးတို့ကို ယူဆောင်လာကြောင်း၊ စစ်တပ်က လိုက်လံပစ်ခတ်မှုများကြားမှ တော်လှန်ရေးမဟာမိတ်များထံသို့ ရဲဝင့်စွာ ပူးပေါင်းခဲ့ကြကြောင်း သိရှိရသည်။

စစ်မှုထမ်းဟောင်း သီဟသည် ၂၀၁၁ ခုနှစ်တွင် စစ်တပ်တွင် ထောင်ကျပြီး ပြန်ထွက်လာသူဖြစ်ကာ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း၊ သို့ရာတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံခဲ့ရကြောင်း သိရသည်။

“သူတို့ ၂ ဦးက ဩဂုတ်လ ၁၃ ရက်နေ့မှာ အလင်းဝင်ရောက်လာတာပါ။ မတူပီ ၃၀၄ တပ်ရင်းကနေ မုံရွာ ကျောက္ကာလမ်းပိုင်းကို ပို့ဆောင်ခံရတာပါ။ တစ်ဦးကတော့ စစ်သားဟောင်းပေါ့။ သူတို့က ဘာမှမချိတ်ဆက်မှ မရှိဘဲ ထွက်ပြေးလာတာ အဲ့တာ တပ်ပြေးသတင်းကြားတာနဲ့ ကျွန်တော်တို့လည်း မဟာမိတ်တပ်တွေနဲ့ လိုက်ရှာရတာပေါ့။ တကယ်ကို ခက်ခက်ခဲခဲနဲ့ ကယ်ခဲ့ရတာပါ။ တစ်ဦးကတော့ တောင်ငူမြို့နယ်ကပါ နောက်တစ်ဦးကတော့ မြောင်းမြမြို့နယ်ကပါ။ စစ်မှုထမ်း သင်တန်းကတော့ စစ်မှုထမ်း အပတ်စဉ် ၁၀ ကပါ။ ကွင်းကောက်မြို့နယ်က တကတ ၅ မှာ စစ်သင်တန်း တက်ရောက်ခဲ့တယ်။ ဦးသီဟက ပေါ်တာဆွဲ ဖမ်းဆီးခံရချိန်မှာ စစ်သားဟောင်းပါ ပြောတာလည်းမရဘူး ပေါ်တာဆွဲ ဖမ်းဆီးခံရတာလို့ ပြောတယ်” ဟု Northwest Plains Revolutionary Forces-NPRF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်မှ အရာရှိအရာခံများက မိမိတို့၏အကျိုးစီးပွားအတွက် လိုအပ်လျှင် မိမိလူများ၏ ဘဝများကိုပင် ချမ်းသာမပေးဘဲ အတင်းအဓမ္မ ဖိနှိပ်မှုများ ပေါ်လွင်နေကြောင်း၊ စစ်မှုထမ်း စုဆောင်းခံရသော လူငယ်များအနေဖြင့်လည်း ၎င်းတို့ အာမခံပေးသော အခွင့်အလမ်းများအား လုံးဝမယုံကြည်သင့်ကြောင်း၊ အခွင့်ရေးရပါက ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များထံသို့ လာရောက်ပူးပေါင်းပါရန် Northwest Plains Revolutionary Forces-NPRF က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article