ဒီကနေ့ ဩဂုတ် ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် စစ်တပ်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရှော့တိုက်ဒုံး ၄ လုံး ထိမှန်ပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်း ပါဝင်သူတွေကို ခေါ်ယူ သတိပေးတာ၊ ထိန်းသိမ်းတာနှင့် နယ်နှင်ဒဏ်ပေး တာတွေကို လုပ်ဆောင်မယ်လို့ KNU မူတရော်ခရိုင် အမှတ် ၅ တပ်မဟာ က မနေ့က ဩဂုတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ကနေ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထွက်လာတာကြောင့် ကျေးရွာ ၁၃ ရွာက ထောင်နှင့်ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
