25 C
Yangon

ရေစကြိုမြို့တွင် စစ်တပ်က ဆိုင်ကယ် ဦးထုပ် မဆောင်းသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်စဉ် နေအိမ်တွင် ရှိနေသော အသက် ၃၉ နှစ် အရွယ်ကိုဇော်ဇော်ဝင်း ကျည်ထိမှန်သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် ဦးထုပ်မဆောင်းသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ရေစကြိုမြို့ အမှတ် ၇ ရပ်ကွက် နှစ်ထောင်ပြည့်ရပ် တိလောက ဘက ကျောင်းအနီးတွင် ကင်းလှည့်လာသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ် ဦးထုပ်မဆောင်းသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို ပစ်ခတ်မှု အတွင်း ဆိုင်ကယ် မောင်းသူများ ထွက်ပြေး လွတ်မြောက်သွားသော်လည်း တိလောက ဘုန်းကြီး ကျောင်း အနောက် ဘက်ရှိ နေအိမ်တွင် အဝတ်လှမ်းနေသော အသက် ၃၉ နှစ်အရွယ် ကိုဇော်ဇော်ဝင်းကို စစ်တပ်က ပစ်ခတ်သော ကျည် ဆန်ထိမှန်ခဲ့ကြောင်း၊ ကိုဇော်ဇော်ဝင်း၏ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် သေနတ် ၂ ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဆိုင်ကယ်စီးသူကတော့ လွတ်မြောက်သွားပါတယ်။ ဘက ကျောင်း အနောက်ဘက်မှာနေတဲ့ အသက် ၃၉ နှစ် အရွယ် ကိုဇော်ဝင်းကတော့ လည်ပင်းနဲ့ ဝမ်းဗိုက်ကို သေနတ်ကျည် ၂ ချက် ထိမှန်ပြီးတော့ သေဆုံးသွားတယ်” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်သားများ ပစ်ခတ်သော ကျည်ထိမှန်ပြီး သေဆုံးသွားသော ကိုဇော်ဝင်း၏ နာရေး အခမ်းအနားကို ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article