24.1 C
Yangon

စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်း၍ ညီနောင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စကခ ၁၉ ဒရုန်းစစ်ဆင်ရေးမှစ၍ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အတူလက်တွဲတိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ချိန်မှစတင်ပြီး ၂ နှစ် ကျော်ကာလအတွင်း စစ်ရေးဖော်ဆောင်မှုပေါင်း ၄၀ ခန့်နှင့် ရန်သူစစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲပေါင်း ၆ ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ယခင်၂၀၂၃ကတည်းကမဟာမိတ်ဖွဲ့ထားပါတယ်။ အခုကဒီထက်ပိုပြီး ကျစ်လစ်ခိုင်မာတဲ့ ညီနှောင်မဟာမိတ်အဖြစ် သေအတူရှင်အတူ သူ့အခက်အခဲ ကိုယ့်အခက်အခဲအတူတူရင်ဆိုင်ကျော်ဖြတ်ပြီး အာဏာရှင်ချုပ်ငြိမ်းသည်အထိ လက်တွဲတိုက်ပွဲဝင်ဖို့အတွက်ပါရည်ရွယ်ထားပါတယ်”ဟု အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ပြောဆိုသည်။

စစ်ရေးဖော်ဆောင်မှုများ အတူတကွ ပြုလုပ်လာခဲ့ရာ ယခုအခါ ရဲဘော်ရဲဘက်များအချင်းချင်းကြားတွင် သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနှင့် ယုံကြည်မှုများသည် ညီနောင်ပမာ ခိုင်မာပြီးဖြစ်၍ နည်းဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် “ညီနောင်တပ်ဖွဲ့”အဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ဒေသဟာ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအတွင်းစစ်ရေးလှုပ်ရှားနေတာဖြစ်တဲ့အပြင် ဒေသခံ မွန်ပြည်ကာကွယ်ရေးတပ် ထားဝယ်ဒေသခံတပ်တွေနဲ့ပါ ညီနောင်ပေါင်းစည်းပြီးသွားမှသာ တော်လှန်ရေးအောင်မြင်မှာဖြစ်တယ်။ ဒါ့အပြင် ကျန်တဲ့ညီနှောင်ဒေသခံတွေကိုလည်း ဒီထက်ပိုပြီးယုံကြည်မှုတည်ဆောက်ပြီး လက်တွဲဖို့ လိုအပ်ပြီလို့ပြောချင်ပါတယ်ဗျ”ဟု အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article