ဒီကနေ့ ဩဂုတ် ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီတပ်က မြန်မာအီလက်ထရောနစ်မဲပေးစက်တွေကို တိုးမြှင့်ထုတ်လုပ် နေပြန်သလို ၊ အဲ့ဒီ့ မဲပေးစက်တွေရဲ့ လုံခြုံရေး နဲ့ နည်းပညာ လည်ပတ်စနစ်တွေကိုပါ စစ်တပ်ကပဲ ထိန်းချုပ်ထားတယ်လို့ နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ် ကော့ကရိတ်-မြ၀တီ အာရှလမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီဘက်က တော်တော်ကို အထိနာနေတဲ့အတွက် မြဝတီမြို့ကနေပါ အာရှလမ်းဘက်ကို စစ်ကြောင်းပြန်ထိုးဖို့ ပြင်ဆင်နေပြန်တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဆိုင်ကယ် ဦးထုပ်မဆောင်းတဲ့ သူတွေကို သေနတ်နဲ့ လိုက်လံ ပစ်ခတ်ရာမှာ ပြည်သူ ၁ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
