29.1 C
Yangon

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်တွင် တောင်ကျချောင်းရေကြောင့် နေအိမ်များ မျောပါပြီး လူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအစပ် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်တွင် တောင်ကျ ချောင်းရေကြောင့် နေအိမ်များ မျောပါပြီး လူ ၂ ဦးသေဆုံးခဲ့ကြောင်း အဆိုပါ ဒေသသို့သွားရောက်အကူအညီပေးနေသူ ပရဟိတအဖွဲ့ဝင်တချို့ထံမှ သိရှိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းမှစတင်၍ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၂၇ ရက်နေ့ နံ နက် ၂ နာရီအချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ပင်လောင်းမြို့နယ်အတွင်း တောင်ကျချောင်းရေများ ရုတ်တရက် စီးဆင်းခဲ့ရာ ယင်းတောင်ကျ ချောင်းရေကြောင့် လူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ နေအိမ်အများအပြားလည်း မျောပါသွားခဲ့ကြောင်း၊ အဓိက သေဆုံးသူများနှင့် နေအိမ်များ မျောပါမှု ရှိသော ကျေးရွာမှာ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းကျေးရွာအုပ်စုမှ ဧဒင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနက်အစောပိုင်းမှာ တောင်ကျချောင်းရေတွေက ရွာထဲအထိ ရုတ်တရက် ဖြတ်စီးတာပါ။ သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅ ဦးလောက်ရှိတယ်။ ပျောက်ဆုံးသူတွေလည်းရှိတယ်လို့ သိရတယ်။ နေ အိမ်တွေ အလုံးလိုက် မျောကုန်တာ။ အဓိက တောင်ကျ ချောင်းရေတွေပဲ စီးလာတာ။ တော်တော်များများ ရှောင်လိုက်နိုင်တယ်” ဟု ယင်းနေရာသို့ သွားရောက် အကူအညီပေးနေသည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယမန်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင့် နေပြည်တော် တပ်ကုန်းမြို့ နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး အနိမ့်ပိုင်းတွင် နေထိုင်သော ပြည်သူ ရာပေါင်းများစွာကို ရေဘေးသင့်မှ ကယ်ထုတ်ရကြောင်း ပရဟိတအဖွဲ့များထံမှ သိရှိရသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း”ကဂျိကိ”၏ အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နေ၍ ယနေ့ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁ ရက်အ တွင်း မြန်မာတစ်ပြည်လုံးတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ မိုး သည်း ထန်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း စစ် တပ်လက် အောက်ခံ မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article