27.5 C
Yangon

ဝိုင်းမော်ရှိ ကျေးရွာများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ တင့်ကားများဖြင့် ၆ ရက်ဆက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူ ကလေးငယ်၏ အုပ်ထိန်းသူနှင့်ရင်းနှီးသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်၍ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို လေယာဉ်၊ တင့်ကားများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

ထို တိုက်ခိုက်မှုများအတွင်း ဩဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နမ့်ဝါရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ဘေးတိမ်းရှောင်နေရာမှ နေအိမ်သို့ ပြန်လာသော အသက် ၆ နှစ်အရွယ် မခေါင်နော ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၂၅ နှစ်အရွယ် မဇယ်ညွယ်၊ အသက် ၁၅ နှစ် အရွယ် မဇယ်ယန်းနှင့် ၃၆ နှစ်အရွယ် ဦးတိန်းဘောမ်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ၂၇ ရက်နေ့ကစပြီး လေယာဉ်နဲ့ကော တင့်ကားနဲ့ပါ ပစ်ခတ် တိုက်ခိုက်နေတာပါ။ မနေ့ကတော့ လမြန်ရွာနဲ့ တကြောတဘည်းရှိတဲ့ နမ့်ဝါရွာကို လေယာဉ်နဲ့ ဗုံးကျဲ သွားလို့ လမ်းသွားလမ်းလာ ပြည်သူတွေ ထိသွားတာ ပြည်သူ ၅ ဦး ဗုံးစထိမှန်ပြီး ကလေးငယ်လေးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်သည် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများကို ဆက်လက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article