26.3 C
Yangon

ထီးလင်းနှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းနှင့် ရိက္ခာပို့ ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော် မတီ – YDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက် ၇ နာရီခန့်က ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မှ ထန်းပင်ကုန်း ကျေးရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော် လှန်ရေး တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ထိမှန်သေဆုံးပြီး ထီးလင်း မြို့အတွင်းသို့ ပြန်ဆုတ် သွားကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ လာရာလမ်းအတိုင်း ထီးလင်းမြို့ထဲကို ပြန်ဆုတ်သွားပါတယ်၊ လက် နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာမရှိခဲ့ပါဘူး” ဟု ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင် ကော်မတီ – YDF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းကို ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော် မတီ – YDF မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာသော စစ်ကား ၄ စီးပါ ရိက္ခာယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရမ်းဖိုကျေးရွာ၊ ရမ်းဖိုတံတားကြီး အရောက်တွင် မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကားပေါ်တွင် လိုက်ပါလာသော စစ်သားများက လမ်းမကြီးတလျှောက် လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် လမ်းကင်းချထားသော အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ၁၃ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို မြိတ် ပကဖ၊ တနင်္သာရီ ရိုးမဇုန် ၃ ၊ မြိတ်ခရိုင် ပကဖအဖွဲ့ နှင့် ဗိုလ်ခရင်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article