26.3 C
Yangon

ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီး ၁ ရက်အကြာ သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

Must read

🟥 ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့လည်း ဖျက်သိမ်းခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

စက်တင်ဘာလ ၉ ရက်နေ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပါတီဝင် ပြည့်မီခြင်းမရှိသော NDF ပါတီ၊ သတ်မှတ် ပါတီရုံးခန်းအရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်

NLD မှ NDF ပါတီသို့ ကူးပြောင်းပြီး NDF ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော စန္ဒာမင်းက စက်တင်ဘာလ ၈ ရက်နေ့တွင် NDF ပါတီသို့ ဝင်ရောက်သူ များပြားလွန်းကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ များပြား လွန်းကြောင်း လူမှုကွန်ရက်ပေါ်တွင် ကြွားလုံးထုတ်ခဲ့ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီ ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။

“NDF ပါတီကို တခဲတနက် လာရောက် ပါတီဝင်ကြသူများ လွှတ်တော်ကိုယ်စားလှယ်လောင်းလျောက်လွှာ လာရောက်တင်ကြသူများ များပြားလွန်းပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုကိုးကျွန်း မှလွဲ၍ ကိုယ်စားလှယ်များ အပြည့်ဖြစ်နေပါပြီ/ ဝိုင်းဝန်းကြိုးပမ်း ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု NDF ပါတီ ဒုတိယဥက္ကဋ္ဌ စန္ဒာမင်းက လူမှုကွန်ရက်တွင် စက်တင်ဘာလ ၈ ရက်နေ့ညပိုင်း တင်ထားခဲ့သည်။

NDF ပါတီနှင့်အတူ ဖျက်သိမ်းခံရသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)တို့မှာ တစ်နိုင်ငံလုံး ယှဉ်ပြိုင်မည့်ပါတီများဖြစ်ကြပြီး ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီမှာ တိုင်းဒေသကြီး/ပြည်နယ် တွင် ယှဉ်ပြိုင်မည့်ပါတီဖြစ်သည်။

ဖျက်သိမ်းခံရသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP) မှာ သမ္မတရုံးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးမောင် ဦးဆောင်ပြီး စိုးမောင်မှာ အာဏာရှင်ဟောင်း သန်းရွှေ၏ လက်ရုံးဖြစ်ခဲ့သူလည်းဖြစ်သည်။

မကြာမီ စစ်တပ်က ပြုလုပ်ရန်ရှိနေသော ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ပါဝင်ယှဉ်ပြိုင်မည့် ပါတီ ၉ ခုအနက် မှ ပါတီ ၃ ခု ဖျက်သိမ်းခံလိုက်ရသဖြင့် ပါတီ ၆ ခုသာ ကျန်ရှိတော့ပြီး ကြံ့ဖွတ်ပါတီ ပါတီ၊ သက်သက်ခိုင်၏ PPP ပါတီ၊ကိုကိုကြီး ၏ PP ပါတီ၊ တစည ပါတီ ၊ စိုင်းအိုက်ပေါင်း၏ SNDP ပါတီနှင့် ကျော်စွာစိုး၏ MFDP ပါတီတို့သာ ကျန်တော့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article