26.3 C
Yangon

မန္တလေးမြို့တွင် စစ်တပ်နှင့် ပျူစောထီးများက လိုင်စင်မဲ့ကားများဖြင့် နေ့ည မရွေး ပေါ်တာဆွဲနေပြီး လိုင်စင်မဲ့ကားများကို ရဲက ဖမ်းဆီးထားသော လိုင်စင်မဲ့ကားများကို အသုံးပြုရန် ထုတ်ပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မန္တလေးမြို့တွင် အကြမ်းဖက်စစ်တပ်များနှင့် ပျူစောထီးများက လိုင်စင်မဲ့ကားများနှင့် လမ်းကြိုလမ်းကြားပါမကျန် ပေါ်တာဆွဲမှုများ ခပ်စိပ်စိတ် လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးရာတွင် တိုယိုတာ Mark 2 99၊ တိုယိုတာ Crown ၊ တိုယိုတာ ရွှေငါး Mark 2၊ တိုယိုတာ Alphard ၊ တိုယိုတာ Kluger အပါအဝင် အစရှိသည့် အိမ်စီးကားများကို စတစ်ကာမှန်အမည်းများကပ်ခြင်း၊ ကားနံပါတ်ပြား မျိုးစုံအသုံးပြု၍ ပေါ်တာဆွဲနေကြောင်း၊ စစ်တပ်နှင့်ပျူစောထီးများ အသုံးပြုနေသော ကားများမှာ ကားမော်ဒယ်၊ အက္ခရာနံပါတ် မကိုက်ညီခြင်း၊ နံပါတ်ပြားများတွင် MDY နှင့် အက္ခရာ နံပါတ်သာ ပါပြီး ကညန တရားဝင် နံပါတ်ပြားကဲ့သို့ အောက်ခြေတွင် ကားအမျိုးအစားမပါဝင်ကြောင်း သိရှိရသည်။

“နေ့ရောညပါ လိုင်စင်မဲ့ ကားတွေနဲ့ လမ်းကြိုလမ်းကြားပါ မကျန် လှည့်ပတ်ပြီး လူဆွဲတာတွေ အရမ်းစိပ်လာတယ်။ ကိုယ်တိုင် မျက်စိရှေ့ မြင်တွေ့နေရတာပါ။ လူငယ်တွေတွေ့ရင် ဆွဲတင်သွားတာပဲ။ အရပ်ဝတ်တွေနဲ့ လက်နက်တွေ ကိုင်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများသည် အရွယ်ကောင်း လူငယ် လူရွယ်များကို အဓိက ရွေး၍ လူဆွဲနေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် လူငယ်များကို စစ်မှုထမ်းလိုအပ်ချက်များပြားနေသည့် နေရာများကို ရောင်းစားခြင်း၊ အလဲအထပ်လုပ်ခြင်း၊ ပြန်ရွေးခိုင်းခြင်းများနှင့် ငွေရှာခြင်းများ လုပ်ဆောင်နေကြောင်း ကိုယ်တိုင် ဖမ်းဆီးခံရ၍ ပြန်လွှတ်လာသူများနှင့် စစ်မှုထမ်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ထို့ပြင် မန္တလေးမြို့၊ ပုသိမ်းကြီးမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများတွင် အသက်၁၈ နှစ်ပြည့်သူများအားလုံး စစ်မှုထမ်းရန် ဆေးစစ်ရမည်ဖြစ်ပြီး ဆင့်ခေါ်စာဖြင့် ခေါ်၍ မလာပါက မြင်တွေ့သည့်နေရာတွင်ပင် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ ဆင့်ခေါ်စာ ပေးပို့၍ မလာသော လူငယ်များသည် စစ်ပြေးများဖြစ်ပြီး မည်သည့်နေရာတွင်မဆို အကြမ်းဖက် ဖမ်းဆီးခံရမည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“အခု ပို့တဲ့စာက စစ်မှုထမ်းဖို့ စာရင်းသွင်းခိုင်းတာမျိုးမဟုတ်တော့ဘူး။ ဆေးလာစစ်ပါ။ လာစစ်ရင် အရေးယူခံရမယ်လို့ စာမှာပါတယ်။ အုပ်ကြီးတွေက ပါးစပ်ကနေ မလာရင် စစ်ပြေး၊ ၀ရမ်းပြေးဖြစ်မယ်။ တွေ့တဲ့နေရာ ဖမ်းမယ်ပြောတယ်။ အခု အခြေအနေက တဖြည်းဖြည်း ဆိုးလာတယ်” ဟု ပုသိမ်ကြီးမြို့နယ်မှ မိဘတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ယခုလအတွင်း စစ်မှုထမ်းအပတ်စဉ် ၁၇ ဖွင့်လှစ်မည်ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၁ ခုလျှင် လူငယ် ၅၀၀၀ ကို အတင်းအကျပ် ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ဆင့်ခေါ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article