26.3 C
Yangon

ထိုင်း-မြန်မာ အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားပြီးနောက် မြ၀တီမြို့ အဝင်/အထွက်လုပ်မည်ဆိုလျှင် စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားလိုက်ပြီး BGF များအနေဖြင့် မြ၀တီမြို့ သို့ အဝင် အထွက်လုပ်မည်ဆိုပါက စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်းများပေးပို့ရမည်ဟု စစ်တပ်က အမိန့်ပေးလာကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်စစ်ကြောင်းများက BGF ၏ အကူအညီဖြင့် အာရှလမ်းမှတစ်ဆင့် မြ၀တီမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားဂိတ်ကို လုံခြုံရေးယူထားသော BGF တပ်များကို ဖယ်ရှားလိုက်ကာ စစ်တပ်က အစား ထိုး နေရာဝင်ယူလိုက်ကြောင်း၊ ယင်းနောက် မြ၀တီမြို့အတွင်းသို့ BGF အပါအဝင် စစ်တပ်နှင့်အဆင်ပြေသည့် လက်နက် ကိုင်အဖွဲ့များအားလုံး အဝင်အထွက်လုပ်မည်ဆိုပါက စစ်တပ်ထံမှ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့တွင်းသို့ ဝင်ရောက်မည့် အင်အား၊ လက်နက်အရေအတွက်များကိုပါ ပူးတွဲ တင်ပြရမည်ဟု အမိန့်ပေးလာကြောင်း သိရှိရသည်။

“မနေ့က BGF တွေကို အမှတ် ၁ တံတားဂိတ် ဖယ်ရှားလိုက်ပြီ။ အခုထပ်ပြီးတော့ မြို့အဝင်အထွက်ကိုပါ သတင်းပို့ခိုင်းနေပြီ။

လက်ရှိ စစ်တပ်က မြ၀တီမြို့ တံတား၁ အပြင် ကုန်သွယ်ရေးဇုန်၊ မြေနီကုန်း၊ ခလရ ၂၇၅ ၊ ဟေမန်ဦးပြည်သူ့စစ်ကုန်း ၊ ရှေ့ တန်းရုံး ၊စစ်မှုထမ်းဟောင်းရပ်ကွက် နေရာတွေ ကို ကာကင်း စစ် ဆေးရေး ဂိတ် တွေမှာ စစ်တပ်က ချထားပြီ။ စစ်တပ်က မြ၀တီတစ်မြို့ လုံး၊ မြို့ပြင်၊မြို့တွင်း လုံခြုံ ရေး တင်ကျပ်လိုက်ပြီ။ လက်ရှိ မြ၀တီမြို့တွင်းမှာ BGF ၊DKBA၊ PC အဖွဲ့ တွေ လည်း အုပ်စုလိုက်ယာဉ်တန်း နဲ့ပဲ သွားတာ မျိုး ရှိပါတော့တယ်။ တစ်စီးနှစ်စီး သွားတာမျိုးသိပ်မရှိ တော့ ပါဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော BGFနှင့် DKBA ၏ ကူညီမှုကြောင့် မြ၀တီမြို့သို့ ရောက်ရှိလာသော စစ်တပ်က BGFနှင့် DKBA များကို ပြန်လည် လုံခြုံရေး တင်းကျပ်လာခြင်းကြောင့် မကျေနပ်မှုများရှိပြီး အများစုသော BGF များမှာ ရွှေက္ကိုလ်သို့ အလုံးအရင်းဖြင့် တပ်စွဲ နေရာယူထားကြကြောင်း သိရှိရသည်။

“BGF ကလည်း သူတို့ ကာစီနိုဝင်းထဲမှာ တော့ အင်အားပြည့် ပြန်တပ်စွဲတယ်။ အခုပုံစံကြည့်ရတာ စစ်တပ်က အခြားအဖွဲ့တွေကိုပါ သူအင်အားသာလာရင် ကြိတ်မယ့် ပုံမျိုးရှိတယ်။ ဒီလိုပုံစံမျိုးကြီး တင်းကျပ်ရင်တော့ တစ်ချိန်မဟုတ် တစ်ချိန်တော့ ငြိကြမှာပဲ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

BGF ခေါ် KNA တွင် ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်ပြီး ယခုရက်ပိုင်းအတွင်း အမေရိကန်က စောချစ်သူဦးဆောင်သော BGF/KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article