26.1 C
Yangon

မတ္တရာမြို့နယ်၊ ရှာစေးချက်လေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှာစေးချက်လေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၄၉ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ရှားစေးချက်လေးရွာကို လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ အသက် ၆၃ နှစ်အရွယ် ဦးစိုး၊ အသက် ၅၉ နှစ်အရွယ် ဦးကြည်ဝင်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်အင်း၊ အသက် ၂၄ နှစ်အရွယ် မသဲစုမွန်နှင့် အသက် ၂၉ နှစ်အရွယ် ပြည်ဖြိုးအောင် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

“မတ္တရာမြို့နယ် အရှေ့ခြမ်း ရှာစေးချက်လေးရွာကို စစ်ခွေးတွေက ဒီနေ့ နံနက် အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်သွားတယ်။ ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ပြင်းထန်ဒဏ်ရာရရှိသူတွေလည်း ပါဝင်ပါတယ်။ နောက်ပြီး စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်မှုအတွင်းမှာ နွား ၇ ကောင် ၊ ဝက် ၁ ကောင် နဲ့ ကြောင် ၁ ကောင်လည်း သေဆုံးသွားပါတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ ဆိပ်သာရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှု မရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article