ဒီကနေ့ စက်တင်ဘာ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်ရာထူးကနေ ပြုတ်သွားပြီးနောက် နီပေါနိုင်ငံရဲ့ ဆန္ဒပြမှုတွေကို လေ့လာပြီး သင်ခန်းစာ ဖော်ထုတ်ဖို့ မင်းအောင်လှိုင်က ပြောဆိုနေပြန်တယ်လို့ သိရပါတယ်။
ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ လူငယ်တွေ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရမှု နဲ့ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ကာယကံရှင်တွေနဲ့ နီးစပ်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းရာမှာ စစ်တပ်ဘက် အရာခံဗိုလ် အပါအဝင် စစ်သား ၅ ဦးကတော့ အသီးသီး သေကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
