30.6 C
Yangon

ရေးမြို့နယ်တွင် အိမ်အကူကို ခိုးယူထွက်ပြေးသော ခင်ပွန်းဖြစ်သူ၏ တိုင် ကြားမှုကြောင့် ငွေကျပ် ၁ သောင်းတန် ငွေစက္ကူအတုထုတ်လုပ် သုံးစွဲနေသော ဇနီးဖြစ်သူ ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် အိမ်အကူကို ခိုးယူထွက်ပြေး ပေါင်းသင်းနေသော ခင်ပွန်းဖြစ်သူ၏ တိုင် ကြားမှုကြောင့် ငွေကျပ် ၁ သောင်းတန် ငွေစက္ကူအတုထုတ်လုပ် သုံးစွဲနေသော ဇနီးဖြစ်သူ မမြူလင်းလင်း ဖမ်းဆီးခံလိုက်ရကြောင်း နှစ်ကရင်ကျေးရွာမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ ၅ ရပ်ကွက်တွင် ငွေကျပ် ၁ သောင်းတန်ငွေစက္ကူများကို အတုပြုလုပ် ထုတ်ယူသုံးစွဲနေသော အသက် ၂၈ နှစ်အရွယ် မမြူလင်းလင်း ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိပုံမှာ ရေးမြို့နယ် ရဲစခန်းသို့ နှစ်ကရင်ကျေးရွာတွင် အမျိုးသမီး ၁ ဦးက ငွေစက္ကူ ၁ သောင်းတန်အတုများ ထုတ်လုပ် သုံးစွဲနေသည်ဆိုသော သတင်းပေးတိုင်ကြားချက်ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေရာ မမြူလင်းလင်းကို ငွေစက္ကူ ၁ သောင်းတန် သိန်း ၁၂၀ ကျော်ဖြင့် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

“ငွေထုတ်တဲ့ မိန်းမက ယောင်္ကျားက အိမ်ဖော်ကို ခေါ်ပြီး ခိုးပြေးသွားတယ်။ ပြီးတော့ သူကနေ ရဲစခန်းကို ဖုန်းဆက်ပြီး သူ့မိန်းမက​ ငွေတုထုတ်နေတယ်ဆိုပြီး တိုင်တာ။ အဲဒီမှာ အဖမ်းခံရတာ။ ကားဝယ်သွားရင်း အဖမ်းခံရတယ်ဆိုတာမဟုတ်ပါဘူး။ အိမ်မှာပဲ ရဲကဝင်စစ်ပြီး ဖမ်းသွားတာ” ဟု နှစ်ကရင်ကျေးရွာ၊ အမှတ် ၅ ရပ်ကွက်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ငွေစက္ကူ ၁ သောင်းတန်များ ထုတ်လုပ်သုံးစွဲနေသော အမျိုးသမီးကို စစ်ဆေးရာတွင် ယခင်ကတည်းက ယင်းကဲ့သို့ငွေတုများ ထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး အဓိက အားဖြင့် ကာလာပရင်တာကို အဓိကအသုံးပြုကြောင်း၊ စက္ကူကိုမူ ငွေစက္ကူနှင့်အနီးစပ်ဆုံးတူညီစေရန် ပြုပြင်ယူကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article