30.6 C
Yangon

ဘုတလင်မြို့နယ်တွင် စစ်တပ်က ကျေးရွာ ၅ ခုကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးသွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ခုကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဘုတလင်မြို့နယ် ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ဘုတင်လင်မြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ဘုတလင်မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ခုကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေတောင်ရွာမှ နေအိမ် ၃ လုံး၊ ပေါက်စိန်ပေါက်ရွာမှ နေအိမ် ၁၁ အိမ်၊ ကန်သာရွာမှ နေအိမ် ၂၈ လုံး၊ ဇီးတောရွာမှ နေအိမ် ၁၄ လုံးနှင့် ထူးကြီးရွာမှ ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ၎င်းတို့ သွားလာရာ လမ်းတစ်လျောက်ရှိ ပြည်သူ ၅ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“အဲစစ်ခွေး စစ်ကြောင်းက စက်တင်ဘာလ ၅ ရက်နေ့က စပြီးတော့ ဘုတင်မြို့ပေါ်ကနေထွက်လာတာ သူတို့ ဖြတ်သွားရာ လမ်းကြောင်း တစ်လျောက်မှာရှိတဲ့ ပြည်သူ ၅ ဦးကိုလည်း လူသားဒိုင်း အဖြစ်ဖမ်းလာပြီး ရွာတွေကို ဝင်ရောက် စီးနင်းမီးရှို့ခဲ့တာပါ။ ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို စစ်ကြောင်းက ဘုတလင်မြို့ပေါ် မဝင်ခင် ပြန်လွှတ်တယ်လို့ သိရပေမယ့် အတည်တော့မပြုနိုင်သေးဘူး” ဟု ဘုတလင်မြို့နယ် ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူများကို ဒေါင်းရာဇာပင် မသပိတ်လူမှုကူညီရေးအသင်းက တစ်အိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ ၅၀ သား ၊ ဆား ၅၀ သား၊ ကြက်သွန် ၁ ပိဿာ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သော်လည်း စားနပ်ရိက္ခာများ လိုအပ်လျက်ရှိပြီး ပြည်သူများသည် စစ်တပ် စစ်ကြောင်းများ ကျေးရွာများကို ပြန်လည် ဝင်ရောက် လာမည်ကို စိုးရိမ်၍ လက်ရှိချိန်ထိ တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လနှင့် စက်တင်ဘာလက ဘုတလင်မြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကလည်း အနောက်ဇီးတောရွာ၊ ရွှေတောင်ရွာ၊ ကံသာရွာ နှင့် ထူးကြီးရွာ (ပရဟိတဆေးရုံ) တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် နမခ သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article