ဒီကနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မကွေးတိုင်း ၊ ငဖဲမြို့နယ်က နတ်ရေကန်တောင်စစ်ဗျူဟာစခန်းကနေ အင်အား ၁၄၀၀ ကျော် စစ် တပ်စစ်ကြောင်းဟာ အာရက္ခတပ်တော် AA နဲ့ ထိပ်တိုက်တွေ့တဲ့ တိုက်ပွဲတွေအတွင်း စစ်သား အယောက် ၅၀၀ ကျော်ဟာ အသီးသီးသေကုန်ကြပြီးဖြစ်တယ်လို့ တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ဉာဏ်မြင့်မြတ်ဆိုသူက ဝန်ခံထွက်ဆိုထားပါတယ်။
- ပဲခူးတိုင်းက တောင်ငူ-လိပ်သိုလမ်းအတွင်း စစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝိုင်းဝန်း တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးကတော့ အသီးသီး သေကုန်ကြပြီးနောက် စစ်တပ်စစ်ကြောင်း တစ်ကြောင်းလုံး ပြန်ဆုတ်သွားကြတယ်လို့ KNLA တပ်မဟာ ၂ ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အခက်အခဲတွေ ကြုံနေရပြီး ငြိမ်းချမ်းတဲ့ အသွင်ကူး ပြောင်းရေးအတွက် ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဖြေလျှော့ပေးဖို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက တောင်းဆိုလိုက်ပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
